နှစ်ဆန်းတစ်ရက်နေ့မှလွဲ၍ သင်္ကြန်ပိတ်ရက်များတွင် ဆိပ်ကမ်းကုန်သွယ်​ရေး၊​လေ​ကြောင်းကုန်သွယ်​ရေး တို့ဖွင့်လှစ်ပြီး အချိန်ပိုအလုပ်ဆင်းကြမည်

0
133

ဧပြီ (၁၇) ရက် နှစ်ဆန်းတစ်ရက်နေ့မှလွဲ၍ ကျန်ရက်များတွ င် ပုံမှန်ရုံးဖွင့်ရက်များအတိုင်း ရုံးဖွင့်၍ လုပ်ငန်းများဆောင် ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အသိပေးကြေညာထားသည်။

မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ဆိပ်ကမ်းအသီးသီး၌ သင်္ဘောများဝင်ရောက် ဆိုက်ကပ်/ထွက်ခွာခြင်း အပါအဝင် ကုန်တင်/ ကုန်ချလုပ်ငန်းများနှင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းလုပ်ငန်းများ မပျက်ဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်လုပ်ငန်းဌာနအနေဖြင့် မြန်မာ့နှစ်သစ်ကူးရုံး ပိတ်ရက်ကာလအတွင်း တာဝန်ကျများချထားပြီး လုပ်ငန်းများ အရှိန်မဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)မှအပ ဧပြီ(၁၅)ရက်မှ (၁၉) ရက်အထိ ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အကောက်ခွန်ဦးစီးဌာနသည်လည်း ရေကြောင်း၊ လေကြောင်းများမှတစ်ဆင့် တင်သွင်း၊တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ(၁၃)ရ က်၊ (၁၈)ရက်နှင့် (၂၀)ရက်များတွင် ရုံးချိန်ပြည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နှစ်ဆန်း(၁)ရက်မှအပ ကျန်ရက်များတွင် အချိန်ပို (Overtime) ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

Photo credit – Radius Myanmar services


LEAVE A REPLY

Please enter your comment!
Please enter your name here