နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ ပါဝင်သော ဒုတိယအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ

0
145

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် မြန်မာ – ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-Pop အနုပညာရှင်များ ပါဝင်သော ဒုတိယ အဖွဲ့သည် ဧပြီ (၁၁) ရက် ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ ဒုတိယအဖွဲ့တွင် DJ/Performances Lee, Saemi ဦးဆောင်သည့် ကိုရီးယား အနုပညာရှင် (၅) ဦးအဖွဲ့သည် ယမန်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကိုရီးယား K-pop အနုပညာရှင် (၁၉) ဦးပါအဖွဲ့သည် ဧပြီ (၁၄) ရက်တွင် ထပ်မံရောက်ရှိကြမည်ဖြစ်ပြီး ဧပြီ (၁၂) ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော်တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here