အင်းစိန်မြို့နယ်တွင် ယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲ ထို-းကျမှု ဖြစ်ပွား၊အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ

0
142

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲ ထို-းကျမှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် အင်းစိန်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ ဧပြီ (၁၁)ရက်၊ ညနေပိုင်းက အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံရှေ့တွင် ယာဉ်တစ်စီး ချောက်ထဲကျသွားကြောင်း တာဝန်သိပြည်သူတစ်ဦးက အသင်းခွဲရုံးသို့ အကြောင်းကြားချက်အရ စေတနာ့လုပ်အားရှင်များက ရှေးဦးပြုစုခြင်းနှင့် ကြက်ခြေနီလူနာတင်ယာဉ် အကူအညီ ပေးနိုင်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နေရာတွင် ကြက်ခြေနီစေတနာ့လုပ်အားရှင်များက ထိခိုက်ဒဏ်ရာရရှိသည့် ယာဉ်မောင်း တစ်ဦးနှင့် ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးအား မြေပြင်ရှေးဦးပြုစုပေးပြီး မိသားစုနှင့် ချိတ်ဆက်ပေးကာ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here