အခြေခံစာတတ်မြောက်ရေးလုပ်​ဆောင်​နေရာ ကန့်ဘလူမြို့နယ်တွင်စာသင်သား (၅၁၀) ဦး သင်ကြားနေ

0
174

ရပ်ရွာအတွင်းရှိ စာမတတ်သူ၊ ကျောင်းမနေဖူးသူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် အခြေခံစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများတွင် စာသင်သားဦးရေ (၅၁၀) ကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၂) အုပ်စု၌ စာ သင်ဝိုင်း (၄၃) ဝိုင်း၊ နည်းပြဆရာ ဆရာမ (၄၃) ဦး၊ ကြီးကြပ်ဆရာ ဆရာမ (၄) ဦးတို့က ပြီးခဲ့သည့် ဧပြီ (၈) ရက်မှ မေ (၁၅) ရက်ထိ နေ့စဥ်နံနက် (၉) နာရီမှ (၁၂) နာရီထိ သုံးနာရီကြာ သင်ကြားပို့ချပေးလျက်ရှိ ကြောင်း သိရသည်။

စာသင်ဝိုင်းများ၏ လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်စာတတ်မြောက်ရေး ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here