မော်လမြိုင် – ရန်ကုန် ရထားခရီးစဥ်များ ယနေ့ပြန်လည်ပြေးဆွဲ

0
104

မော်လမြိုင် – ရန်ကုန် ရိုးရိုးရထားနှင့် သင်္ကြန်အစုန်အထူးလေအိတ်ရထားခရီးစဥ်များ ယနေ့ ဧပြီ (၁၂) ရက် နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးကြေညာထားသည်။

ယနေ့တွင် အမှတ် (၈၂)အစုန် မော်လမြိုင် – ရန်ကုန် ရိုးရိုးရ ထားသည် မော်လမြိုင်ဘူတာမှ နံနက်(၈)နာရီခွဲ အချိန်ထွက်ခွာခဲ့ပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ(၅)နာရီ (၄၅)မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး၊ အဆိုပါ ခရီးစဉ်တွင် မော်လမြိုင်ဘူတာမှ ခရီးသည် စုစုပေါင်းဦးရေ (၁၇၀)ဦးလိုက် ပါ စီးနင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် သင်္ကြန်အစုန်အထူး လေအိတ်ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် (၉) နာရီ(၁၅)မိနစ်အချိန်တွင်စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ည (၇)နာရီ (၁၀)မိနစ်အချိ န်တွင် ဆိုက်ရောက်မည်ဖြစ်ကာ အဆိုပါ ရထားတွင် မော်လမြိုင်ဘူတာကြီးမှ ခရီးသည် စုစုပေါင်း (၅၉) ဦး လိုက်ပါ စီး နင်းခဲ့ကြောင်း သိရသည်။

မော်လမြိုင် – ရန်ကုန် ရထားခရီးစဥ်များ အား နေ့စဥ်ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကာ အထက်တန်း (၃)ရက်ကြို၊ (၂)ရက်ကြို၊ (၁)ရက် ကြိုတင်လက်မှတ်များအား မော်လမြိုင်ဘူတာ ရက်ကြို လက်မှတ်ရုံ၌ ယနေ့ နံနက် (၇) နာရီမှစတင်၍ နေ့လယ် (၃) နာရီထိ ရောင်းချပေးနေပြီး၊ သင်္ကြန်တွင်း၌လည်း ပိတ်ရက်မရှိ နေ့စဥ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း အမှတ် (၈၂)အစုန် ရိုးရိုးရထားအား ပိတ်ရက်မရှိ နေ့စဥ်ပြေးဆွဲပေးသွားမည်ဖြစ်ကာ အထူးလေအိတ်ရထားအား ဧပြီ (၁၄)ရက် မှ (၁၇)ရင်အထိ ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ(၁၀)ရက် နံနက်ပိုင်းက မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားတွင်
အမှတ်( ၆၈၆) အစုန်ကျောက်ရထားမှာ မိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲဆိုင်းများ ပျက်ဆီး၍ လမ်းပိုင်းပိတ်ဆို့ခဲ့သည့်ဖြ စ်စဉ်ဖြစ်ပွားခဲ့သဖြင့် ဧပြီ(၁၁)ရက်‌တွင် တစ်ရက် ရပ်နားခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here