ဖားကန့် ဥရုချောင်းအတွင်း ရေစီးနှင့်မျောလာသည့် ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်းတွေ့ရှိ

0
155

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီး ဥရုချောင်းအတွင်း၌ ယမန်နေ့ ညနေ (၃) နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားအလောင်း တစ်လောင်း ရေစီးနှင့်အတူ မျောပါ လာသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ရုပ်အလောင်းမှာ ရုပ်ပျက်နေသည့်အတွက် မည်သူမည်ဝါ မသိရှိရသဖြင့် ယမန်နေ့ ညနေ(၅)ခွဲ ဝန်းကျင်တွင် မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဆို သည်။

“မနေ့က (၃)နာရီလောက်ဥရုချောင်းထဲမျောလာတာ။ချောင်း ထဲက ကျောက်တုံးတွေနဲ့ ခံနေတော့ ဆက်မမျောဘဲ တန့်နေလို့ သွားဆယ်ယူလိုက်ပါတယ်။ ဦးခေါင်းတွေ လက်တွေခြေတွေမှာ ဒဏ်ရာတွေရထားတာတွေ့တယ်။ အရည်ပြားတွေက စုတ်ပြတ်နေတော့ သိပ်မသဲကွဲတော့ဘူး။ပိုင်ရှင်မဲ့နဲ့ဘဲ သဂြိုဟ်လိုက်ပါပြီ”ဟု ၎င်းက ပြောသည်။

ယခုလ ဧပြီ (၆) ရက်နေ့၌လည်း ဖားကန့်မြို့ ၊ မမုံစံပြကျေး ရွာတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသ-တ်ခံထားရသည့် ဆန်းကြွယ်ကျေးရွာနေ အမျိုးသားတစ်ဦး အလောင်းကိုလ ည်း တွေ့ရှိခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here