ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ကုန်ကား (၁)စီးပေါ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး ခရီးသွားလာရင်း ကလေးမွေးဖွား

0
321

ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ခရီးသွားလာနေသည့် ကုန်ကား (၁)စီးပေါ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး ခရီးသွားလာရင်း ကလေးမွေးဖွားခဲ့ရာ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော် တိုးလ်ဂိတ်အနီး၊ အမြန်လမ်းမကြီးမိုင်တိုင် (၂၀၁/၂) ဖာလုံတွင် ဧပြီ (၁၁) ရက်၊ ည(၁၁)နာရီ အချိန်ခန့်က ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး ကလေးမွေးဖွားသဖြင့် ဖုန်းဆက်အကူညီ တောင်းခံသောကြောင့် (ပလွေး)အမြန်လမ်းမီးသတ်တပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များ၊ ပလွေးအမြန်လမ်းရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပလွေး အမြန်လမ်းမီးသတ်စခန်းပိုင် EMS ယာဉ်ဖြင့် သားဖွားဆရာမအား ခေါ်ယူပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကာ ကလေးနှင့်မိခင်အား နေပြည်တော်၊ လယ်ဝေး ကုတင် (၁၀၀)ဆေးရုံမှ ဥတ္တရ သားဖွားကုတင်(၅၀၀)သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here