မန္တလေးမြို့တွင် အပူရှိန်မြင့်တက်ရာမှ အမျိုးသား တစ်ဦး ရုတ်တရက် လဲကျကာ အခင်းဖြစ်နေရာ၌ပင် အသက်ဆုံးရှုံး

0
321

မန္တလေးမြို့တွင် မီနီအီုးဝေမောင်းနှင်သည့် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး အပူရှိန်မြင့်တက်ရာမှ ရုတ် တရက်လဲကျကာ အခင်းဖြစ်ပွားရာနေရာတွင် အသက်‌ေသဆုံးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (၅၇) လမ်း၊ (၁၂၆)လမ်းနှင့် (၁၂၇) လမ်း၌ ဧပြီ (၁၂)ရက်၊ နံနက် (၇)နာရီအချိန်ခန့်က မီနီအီုးဝေမောင်းနှင်လာသည့် အမျိုးသားတစ်ဦး ရုတ်တရက် လဲကျသေဆုံးနေကြောင်း သတင်းအရ ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။

၎င်းအမျိုးသားမှာ မီနီအီုးဝေနံပါတ် MDY-17U 9050 မောင်းနှင်လာခြင်းဖြစ်ပြီး

အဆိုပါ အမျိုးသား ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေး ရုံကြီး ရေခဲတိုက်သို့ ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်းမှ ပို့ဆောင်ကူညီထားရာ မိဘဆွေမျိုးများ သိစေရေး ဝိုင်းဝ န်းကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ဧပြီ (၉)ရက် နံနက်ပိုင်းကလည်း မန္တလေးမြို့ ဈေး ချိုတော်တွင် ဈေးဝယ်လာသော အမျိုးသမီးတစ်ဦးမှာ ရုတ် တရက် မူးလဲခဲ့ရာမှ ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးခဲ့ရကြောင်း “မဏီစလ ” လူမှုကူညီရေးအသင်း (မန္တလေး)မှ သိရသည်။

ထို့အပြင် ဧပြီ (၉)ရက်၊ ညနေပိုင်း အချိန်ကလည်း ရန်ကုန်တို င်းဒေသကြီး၊ အင်းစိန်မြိုနယ် ဘုရင့်နောင်လမ်းမကြီး (စိတ္တသုခ)လမ်းထိပ်တွင် အသက် (၄၅)နှစ်အရွယ် အမျိုးသား တစ်ဦး ပြင်ဒဏ်ရာ မရှိဘဲ အပူချိန်မြင့်တက်ရာမှ ဦးနှောက်သွေးကြောပြတ်ကာ လဲကျအသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနှံ့ နေ့အပူချိန်များ မြင့်တက်မှုများ ဖြစ်ပေါ်နေပြီး ယင်းကဲ့သို့ အပူချိန်မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသအချို့တွင် အသက်ဆုံး ရှုံးရသူ အရေအတွက် ဆယ်နှင့်ချီရှိနေပြီဖြစ်ကြောင်း သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် သတိလစ်၊ အသက်ရှုကြပ်၊ မူးလဲမှုများနှင့် လူ့အသက်ဆုံးရှုံးမှုများလည်း ဖြစ်ပေါ်လျက်ရှိသည့်အတွက် အပူချိန်မြင့်တက်ချိန် နေ့လယ်နေ့ခင်း အပြင်ထွက်လျှင် သတိထားသွားလာကြရန် ကျန်းမာရေး ဝန်ကြီး ဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here