စစ်ကိုင်းမြို့ရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား တတိယအသုတ် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့

0
122

စစ်ကိုင်းမြို့ရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများကို ဧပြီ(၁၂)ရက်၊ နံနက်(၉)နာရီက စ၍  ပါရမီ၊ ပတ္တမြား၊ ရွာထောင် ရပ်ကွက်များတွင် တတိယအသုတ် ဆန်ရိက္ခာများ ဆက်လက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန် ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဝယ်ယူခဲ့သည့်အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာဆက်လ က်ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ရိက္ခာဆန်ထောက်ပံ့ပေးအပ်ရာတွင် ပါရမီရပ်ကွက်တွင်အိမ် ထောင်စု (၁၁၂)စု၊ လူဦးရေ (၃၅၇)ဦး၊ ပတ္တမြားရပ်ကွက်တွ င် အိမ်ထောင်စု(၂၈)စု၊ လူဦးရေ (၁၀၁)ဦး၊ ရွာထောင် ရပ်ကွ က်တွင် အိမ်ထောင်စု(၈၅)စု၊ လူဦးရေ(၃၄၁)ဦး တို့အားတတိ ယ အသုတ်အဖြစ် ဆန်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရိက္ခာဆန်များ ပေးအပ်ရာတွင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင် စိစစ်ရေး၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကတ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်း တင်ခြင်း၊ ဖြန့်ဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိ၊ ထုတ်ပေးပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ ၍ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here