လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း အီရန်သည် အစ္စရေးကို တိုက်ခိုက်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးဆို

0
222

အီရန်သည် လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း အစ္စရေးမြေကို တိုက်ခိုက်နိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ Wall Street Journal က ယနေ့သောကြာနေ့တွင် ကိုးကားဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် မြို့တော်ရှိ အီရန်ကောင်စစ်ဝန်ရုံးအား ဧပြီလ ၁ ရက်နေ့တွင် အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးပစ်မှတ်များကို အီရန်က တိုက်ခိုက်လိမ့်မည်ဟု အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်မှု အများအပြားကို ကိုးကား၍ အစ္စရေးကို ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း သိရသည်။

အီရန်နှင့် ဆီးရီယား အစိုးရနှစ်ခုစလုံးက အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့ပြီး လက်စားချေမည်ဟု ဆိုခဲ့ကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စရေးက မိမိတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံချက်မပေးသေးပေ။

တိုက်ခိုက်မှုသည် လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ရောက်ရှိလာနိုင်ပြီး အစ္စရေးသည် တောင်ပိုင်း သို့မဟုတ် မြောက်ပိုင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသူ အမေရိကန်ထောက်လှမ်းရေးအရာရှိ နှစ်ဦးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here