ရုရှား – မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများကို ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ကျူးဘားနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးတို့  ဆွေးနွေး ‌

0
106

ရုရှားနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာသံရုံးယာယီ တာဝန်ခံတို့ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် မြန် မာနိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံ ဆ က်ဆံရေး အခြေအနေများကို အမြင်ချင်း ဖလှယ် ဆွေး‌ နွေးခဲ့ကြကြောင်း သိရသည်။

ဟာဗားနားမြို့ မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းမှ ဧပြီ (၁၀)ရက် ညနေ (၄)နာရီတွင် ကျူးဘားနိုင်ငံဆိုင် ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Victor V. Koron elli အား ၎င်း၏ ဧည့်ခန်းမတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း နိုင်ငံခြားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံရုံး ယာယီတာဝန်ခံမှ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ အစဉ်တစ်စိုက် ရပ်တည်ပေးမှုများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာနိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များ၊ နှစ်နို င်ငံဆက်ဆံရေး အခြေအနေများကို အမြင်ခြင်းဖလှယ်ဆွေး‌‌ နွေး ပြောကြားခဲ့ကြောင်း နိုင်ငံခြားဝန်ကြီးဌာန ထုတ်ပြန်ချ က်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here