နေရပ်ပြန်သူများပြားနေခြင်းကြောင့် ရရာကားလက်မှတ်များ ဝယ်ယူ၍ ပြန်နေရ

0
136

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတွင် နေရပ်ပြန်သူများပြားနေခြင်းကြောင့် ခရီးသည်များအနေဖြင့် ရရာကားလက်မှတ်များကို ဝယ်ယူ၍ ပြန်နေရကြောင်းစုံစမ်း သိရှိရသည်။

ဧပြီ (၁၃) ရက်မှ (၂၁) ရက်အထိ သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်ပြီး ယမန်နေ့ ဧပြီ (၁၁) ရက်မှစတင်ကာ သက်ဆိုင်ရာတို င်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ ပြန်နေကြခြင်းဖြစ်သ ည်။

ယနေ့ နေရပ်ပြန်သူများသဖြင့် ကားလက်မှတ်များမရှိတော့သဖြင့် ယာဉ်လိုင်းအချို့မှ ကြားကားများ ပြေးဆွဲပေးခဲ့ပြီး ပုံမှန်ကားများသည်ပင် ကြားထိုင်ခုံ (အလယ်ခုံ)များ ထပ်ဖြ ည့်ကာ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ခရီးသည်များအနေဖြင့်လည်း ရရာကားများနှင့် ကြားထိုင်ခုံများသည် ဝယ်ယူမည်ဆိုသည်ပင် လိုအပ်သည့် ထိုင်ခုံအရေအတွက် မရရှိသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၆) နာရီမှစတင်၍ မြောက်ဥက္ကလာပအဝိုင်းမှ အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ သွားရာလမ်းကြောင်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ခဲ့ပြီး အောင်မင်္ဂလာကား ဂိတ်သို့ ရောက်ရန် တစ်နာရီကျော် စောင့်ဆိုင်းကြရသည့်အ ပြင် အောင်မင်္ဂလာကားဝင်းအတွင်း၌လည်း ယာဉ်ကြောများ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here