ထင်ရှားကျော်ကြားသော ဗီယက်နမ်အိမ်ခြံမြေလုပ်ငန်းရှင် အမျိုးသမီးကြီးအား ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံလိမ်လည်မှုဖြင့် သေဒဏ် ချမှတ်

0
212

ဗီယက်နမ်နိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင်တစ်ဦးဖြစ်ပြီး ထက်ရှားကျော်ကြားလူသိများသူတစ်ဦးလည်းဖြစ်သည့် အိမ်ခြံမြေလုပ်ငန်းရှင် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီးတစ်ဦးကို ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံလိမ်လည်မှုဖြင့် နိုင်ငံ၏ အကြီးမားဆုံး ငွေကြေးလိမ်လည်မှုအဖြစ်လည်းကောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီက နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်ပြင်းပြင်းဖြင့်ဆောင်ရွက်နေခြင်း၏ ပြယုဂ်တစ်ခုအဖြစ်လည်းကောင်း ကြာသပတေးနေ့က သေဒဏ်ချမှတ်လိုက်သည်။

ဇိမ်ခံတိုက်ခန်းများ၊ ဟိုတယ်များ၊ ရုံးခန်းများနှင့် စျေးဝယ်ကုန်တိုက်များအား ဖော်ဆောင်သည့် ကျယ်ပြန့်သော အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးကြီး ထရွန်မေလန်း(Truong My Lan)သည် ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အသက် ၆၇ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကြီးသည် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံတန်ဖိုးမျှ လိမ်လည်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ သူ၏လိမ်လည်မှုသည် နိုင်ငံ၏ ၂၀၂၂ ခုနှစ် GDP ၏ ၃ ရာခိုင်နှုန်းနီးပါးတန်ဖိုးရှိသည်။ မေလန်းသည် နိုင်ငံ၏ အဓိကကျသော ဘဏ်တစ်ခုကို တရားမဝင် ထိန်းချုပ်ခြင်းနှင့် ချေးငွေများ ခွင့်ပြုခဲ့ခြင်းကြောင့်လည်း ဒေါ်လာ ၂၇ ဘီလီယံ ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

ဗီယက်နမ်နိုင်ငံတွင် သေဒဏ်ပေးခြင်းသည် ထူးဆန်းသောဖြစ်ရပ်တစ်ခုမဟုတ်သော်လည်း ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုများနှင့် လူသိများသူတစ်ဦးအား သေဒဏ်ချမှတ်ခြင်းမှာမူ ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here