UNHCR က ဗန်းမော်မြို့ စစ်ရှောင်ပြည်သူများအတွက် ရွှေ့ပြောင်း ရွက်ဖျဥ်တဲ(၉)ခု ကနဦး ထောက်ပံ့ပေးထားဟု ဆို

0
100

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ တိမ်း ရှောင်လာကြသော ဒေသတွင်း စစ်ရှောင်ပြည်သူများအတွက် ရွှေ့ပြောင်းရွက်ဖျဥ်တဲများကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က ယမန်နေ့ ဧပြီ(၁၁)ရက်တွင် လာရောက်ထောက်ပံ့ပို့ဆောင်ထားကြောင်း စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ 

လက်ရှိတွင် ပြောင်းနိုင်ရွှေ့နိုင်သော ရွက်ဖျဉ်တဲအရေအတွက် (၉)လုံး  ကနဦးထောက်ပံ့ထားပြီး၊ တစ်လုံးလျှင်အိမ် ထောင်စု (၂)စု နေထိုင်နိုင်သည့်အတွက် အိမ်ထောင်စု (၁၈)စု ယာယီနေထိုင်လျှက်ရှိကြောင်း သိရသည်။

“အားလုံးကိုးလုံးလာထောက်ပံ့ပေးထားပါတယ်။ နောက်ထပ်လည်း လာဖို့ရှိမယ်ပြောပါတယ်။ အခုတော့ အိမ်ထောင်စု (၁၈)စုစာအတွက် ဆောက်လုပ်ပြီးနေ ထိုင်နေပါတယ်။ တိုက်ပွဲကတော့ ငြိမ်နေပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ ဗန်းမော်မြို့တွင် စစ်ဘေးရှောင် (၁,၀၀၀)ကျော်လာရောက်ခိုလှုံနေပြီး၊ မြို့တွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးသားချင်းများနေအိမ်တွင် ယာယီခိုလှုံလျက်ရှိသည်ဟုဆို သည်။

ပြီးခဲ့သော မတ်လအတွင်းက မိုးမောက်မြို့နယ် နောင်လိုက်ကျေးရွာအပါအဝင်  မြို့သစ်မြို့နယ်အနီးရှိ ကျေးရွာများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း‌ကြောင့်

ဒေသခံပြည်သူများ ယနေ့အချိန်အထိ ဗန်းမော်မြို့ပေါ်သို့ လာလောက်ခိုလှုံနေကြရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here