AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပြိုင်ပွဲဝင် ကစားသမား(၁၄)ဦး ရွေးချယ်

0
130

AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ပြိုင်ပွဲဝင်ကစားသမား(၁၄)ဦး
အား ဧပြီ(၁၂)ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ လေ့ကျင်ခြေစမ်းပွဲများကစားနေကြသည့် ပဏာမ ကစားသမား(၁၇)ဦးအနက် (၁၄)ဦးကို အသင်းနည်းပြချုပ် Mr. Bunlert Charoenwong က အပြီးသတ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ၊ ဧပြီ (၁၇) ရက်တွင် ဗီယက်နမ် အသင်းနှင့် လည်းကောင်း ၊ ဧပြီ (၁၉) ရက်တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ (၂၁) ရက်တွင် တရုတ်အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တပ်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here