ယနေ့နံနက်အစောပိုင်းက အမြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများ အနက် (၄)ဦး ထိခိုက်ဒဏ်ရာရ

0
161

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၃/ဝ)တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများ အနက် အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ ဧပြီ (၁၃)ရက်၊ နံနက်အစောပိုင်း (၃)နာရီ (၁၅)မိနစ်အချိန်ခန့်က အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၃/ဝ)တွင် ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၆)ဦးအနက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here