မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်တွင် ယနေ့ နံနက်အစောပိုင်းက လူနေ(၂)ထပ်အိမ် မီးလောင်မှုဖြစ်ပွား

0
80

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ မြရတနာရပ်တွင် လူနေ(၂)ထပ်အိမ် မီးလောင်မှု တစ်ခုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။  

ဧပြီ (၁၃)ရက်၊ နံနက်အစောပိုင်း (၂)နာရီ (၁၃)မိနစ် အချိန်ခန့်က ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ မြရတနာရပ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မိုင်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ပြင်သို့ မီးသတ်တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့  အောင်မြေသာစံခရိုင်/ ပုသိမ်ကြီးမြို့နယ် ထာဝရလူမှုကယ်ဆယ်ရေးအဖွဲ့မှလည်း မီးအလင်းရရှိရေးအတွက် မီးစလိုက်နှင့် အခြားသော လိုအပ်သည့် ကူညီမှုများအား ပူးပေါင်းကူညီပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၂)နာရီ (၃၅)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၂)နာရီ (၄၀)မိနစ် အချိန်တွင် မီးကျွင်း၊ မီးကျန်များ ရှင်းလင်းကာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အရ မီးလောင်မှု အကြောင်းရင်း ထိခိုက်ပျက်ဆီးဆုံးရှုးမှု တန်ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲမှ ဆက်လက် စစ်ဆေး တွက်ချက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ (၁၂) ရက်၊ နံနက် (၀၀)နာရီ (၁၇)မိနစ်အချိန်ခန့်ကလည်း ပြည်ကြီးတံခွန်မြိုနယ်၊ ငွေတော်ကျီးကုန်းရှိ ချည်မျှင် စက်ရုံ မီးလောင်ဖြစ်ပွားရာ Level – 2 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here