နိုင်ငံများက ၎င်းတို့၏နိုင်ငံသားများအား အီရန်နှင့်အစ္စရေးသို့ မသွားရန်သတိပေးထား

0
125

အိန္ဒိယသည် ဧပြီလ ၁၂ ရက်နေ့၌ ၎င်း၏နိုင်ငံသားများကို အီရန်နှင့်အစ္စရေး နိုင်ငံများသို့ခရီးမသွားကြရန်သတိပေးချက်တစ် ​ေစာင် ကို ထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာက နောက် ထပ် အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ခရီးမသွားရန်သတိပေးထားသည်။

ခရီးသွားမည့်သူများကလည်း မသွားသင့်သေးသကဲ့သို့ ရောက်နှင့်နေပြီးသားလူများအနေဖြင့်လည်း မိမိတို့ဘေးကင်းရေးကို အတတ်နိုင်ဆုံးသတိထားသင့်ပြီး အပြင်သွားလာ ခြင်းများကိုလည်းကန့်သတ်သင့်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ယခုလအတွင်း ဆီးရီးယားရှိ၎င်း၏သံရုံးအား အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်၏ခြိမ်းခြောက်မှုထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ခရီးသွားလာမှုဆိုင်ရာကန့်သတ်ချက်များထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ယင်းသို့ ခရီးသွားလာမှု သတိပေး ချက် ထုတ်ပြန်ထားသည့်နိုင်ငံများတွင် အမေရိက၊ရုရှား၊ဩစတြီးယား၊ဂျာမနီ၊ပြင်သစ်တို့ပါဝင်ပြီး ပြင်သစ်ကမူ အီရန်၊လက်ဘနွန်၊အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေများသို့ ခရီးသွားလာခြင်းမပြုရန်ကို ပါသတိပေးထားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကမူ အီရန်ရှိ ပြင်သစ်သံတမန်များ၏မိသားစုဝင်များကိုလည်း ရွှေ့ပြောင်းပေးရန်တောင်းဆိုထားကာ အထက်ဖော်ပြပါနိုင်ငံများသို့ ပြင်သစ်အစိုးရဝန်ထမ်းများကို စေလွှတ်ခြင်းမပြုသေးရန်ကိုပါတောင်းဆိုခဲ့ကြောင်းသိရသည်။

အလားတူပင် ဂျာမန်လေကြောင်းလိုင်း လုဖ်ထန်ဆာ ကလည်း ဧပြီလ ၁၈ ရက်နေ့အထိ အဆိုပါမြို့များသို့ လေကြောင်းပျံသန်းမှုများကို ရပ်နားကာ အီရန်လေပိုင်နက်အားအသုံးပြုတော့မည်မဟုတ်ကြောင်းလည်းဆိုခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အီရန်သည် မကြာခင်၌ အစ္စရေးကို တိုက်ခိုက်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပြီး ဆက်လက်မလုပ်ဆောင်ရန်လည်းသတိပေးခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here