ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ၁၃၄ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

0
167

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယနေ့ ဧပြီ (၁၃)ရက်၊ နေ့လယ် (၁)နာရီ (၁၃)မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် YBS ၁၃၄ မီနီဘတ်စ် ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လယ် (၁)နာရီ (၂၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ဧပြီ (၁၀)ရက်၊ နံနက်ပိုင်းကလည်း အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ဆူးလေသို ပြေးဆွဲလျက်ရှိသည့် YBS ၆၁ ယာဉ်တစ်စ်ီးမှာလည်း အောင်ဇေယျတံတားအဆင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

နိုင်ငံတဝန်း ယနေ့ ၂၀၂၄ ခုနှစ်၊ ဧပြီ (၁၃)ရက်အထိ ကားမီးလောင်မှု အကြိမ်ရေ (၂၀)ကျော်ခန့် ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း မီးသတ်တပ်ဖွဲနှင့် ဒေသတွင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here