လည်ပင်းတွင် ‌ေ-သနတ်ဖြင့် ပတ်ခတ်ခံရသည်ဟု ယူဆရသ ည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

0
149

မြစ်ကြီးနားမြို့ ၊ နန်းကွေ့ တောအတွင်းတစ်နေရာ(ဒေသအခေါ်-မိုင်ဒေးကွင်း) ၌  ‌ေ-သနတ်ဖြင့် ပစ် ခတ်ခံရသည်ဟု ယူ ဆရသည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေသ ည်ကို ယမန်နေ့ ဧပြီ(၁၂)ရက် နံနက်ပိုင်းက တွေ့ရှိရကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

သေဆုံးသူမှာ အသက်(၂၂)နှစ်အရွှယ် မောင်ဒိုင်နာလရိန် (ခ) လကီးဆိုသူဖြစ်ပြီး မိသားစုနှင့်အဆက် အသွယ်ပြတ်‌ နေသည်မှာ (၄)ရက်ခန့် ကြာမြင့်ခဲ့ပြီးနောက် ရုပ်အလောင်းအားပြန်လည်‌တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

” ကျွန်တော်တို့အထင်တော့ လည်ပင်းမှာ ‌ေ-သနတ်ဒဏ်ရာလို့ ယူဆရတယ်။ မြေမြှပ်ထားတဲ့ အခြေအနေကို လူတစ်ဦးကတွေ့ပြီး အကြောင်းကြားလို့ မိသားစုတွေနဲ့အတူ သွားဖော်တော့တွေ့တာပါ။ ပျောက်နေတာ လေးရက်လောက်ရှိပြီလို့ပြောတယ်။ အခုတော့ သဂြိုဟ်လိုက်ပါပြီ။”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဖြစ်စဥ်သည် လူသ-တ်အလောင်းဖျောက်သည် ဟု ယူဆရပြီးဖြစ်စဉ်အတွက် သက်ဆိုင်ရာက ဆက်လက်စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here