အိန္ဒိယသံအမတ် အသစ် မော်စကိုသို့ရောက်ရှိ

0
214

ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်အသစ် မစ္စတာ ဝီနေကူးမား(Vinay Kumar) သည် ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုသို့ ရောက်ရှိပြီဖြစ်ကြောင်း မော်စကိုမြို့ရှိ အိန္ဒိယသံရုံးက ပြောကြားသည်။

ဧပြီလ ၁၂ ရက်နေ့က မစ္စတာ ဝီနေကူးမား မော်စကိုမြို့သို့ ရောက်ရှိချိန်တွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ဌာန၏ ဒုတိယအကြီးအကဲ Gina Uika ဦးဆောင်သော မော်စကိုမြို့ရှိ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း အိန္ဒိယသံရုံးက ၎င်း၏ Telegram ချယ်နယ်တွင် ပြောကြားခဲ့သည်။ .

အသက် ၅၄ နှစ်အရွယ်ရှိ မစ္စတာကူးမားသည် ယခင်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here