ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး အသက်ဆုံးရှုံး

0
186

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ အိမ်စီးကား တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ်ကြောတွင် တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။ 

ယနေ့ ဧပြီ (၁၃)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၅၇/၃)နှင့် (၂၅၇/၄)ကြားတွင် ယာဉ်(၁)စီး မောင်းနှင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ်ကြောတွင် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ 

ထိုသို့ သွားရောက်ကယ်ဆယ်ရာတွင် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း(၅)ဦးအနက် အမျိုးသား (၁)ဦး(သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးနှင့် အမျိုးသား (၃)ဦး (မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲပိုင်ယာဉ်ဖြင့် မိတ္ထီလာမြိုနယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here