တုကီယေးတောင်ပိုင်း၌ ကေဘယ်လ်ကားမတော်တဆမှုကြောင့် တစ်ဦးသေ၊ဆယ်ဦးဒဏ်ရာရကာ လူများရာချီကာ လေထဲ၌နေ နေရ

0
200

အန်တာလျာ၊ဧပြီ ၁၃

တုကီယေးနိုင်ငံတောင်ပိုင်း အန်တာလျာမြို့၌ ယမန်နေ့က ကေဘယ်လ်ကားတစ်စီး က တိုင်အကျိုးတစ်တိုင်နှင့် တိုက်မိသဖြင့် လူတစ်ဦးသေဆုံးကာ  ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်းရာချီကာ ေလထဲ၌ နေနေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင်ပြောကြားခဲ့သည်။

အခင်းဖြစ်ပြီးနောက် ညနေ ၅ နာရီ ၂၃ မိနစ်တွင် လေထဲ၌ နေနေ ရ သည့် ကေဘယ်လ်ကားများမှာ  ၂၄ စီးအထိရှိကာ ဆယ့်ခြောက်နာရီအကြာ၌ လေထဲတွင် ကိုးစီးသာကျန်ပြီး အဆိုပါကိုးစီးထဲ၌ လူ ၆၀ ကျော်ကျန်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။ လူပေါင်း ၁၁၂ ဦးကို ကနဦးကယ်ဆယ်နိုင်ခဲ့သည်ဟုလည်းသိရသည်။

ကယ်ဆယ်ရန်ကျန်နေသူများထဲ၌ ပြင်းထန်ဒဏ်ရာနှင့် ကျန်းမာရေးချို့တဲ့မှုရှိသူ တစ်ဦးမျှမရှိခဲ့ကြောင်းလည်း သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ အိုကေမီမစ်က သတင်းထောက်များအားပြောကြားကာ ၎င်းတို့သည် နေမဝင်မီ ကယ်ဆယ်ရေးလုပ်ငန်းများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်းလည်းပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် X ၌ဖော်ပြထားသည့် ကြေငြာချက်တစ်ခုတွင်မူ ရဟတ်ယာဉ်ခုနစ်စင်းနှင့် ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော်တို့သည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်သတင်းများအရ ယခုမတော်တဆမှုဖြစ်ပွားရာ  ကေဘယ်လ်ခရီးစဉ်သည် အန်တာလျာမြို့၏ ရှုခင်းများအားခံစားနိုင်မည့် ခရီးစဉ်ဖြစ်ပြီး ကေဘယ်လ်တစ်စီးလျှင်လူခြောက်ဦးနှုန်းဖြင့် စုစုပေါင်း ၃၆ စီးရှိကာ ကြာချိန် ၉ မိနစ် ဖြစ်သည်ဟုလည်းသိရသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here