ထိုင်းတွင် ​နွေ​လေပြင်းတိုက်

0
87

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ည​နေ​စောင်း နေဝင်ခါနီးအချိန်တွင်ထိုင်းနိုင်ငံ၊ အယုဒ္ဓယ၏ ​မြောက်ဖက် လပပူရီမြိုနယ်၊ခွန်တမ်ခရိုင်တွင်နွေလေပြင်းတိုက်ခတ်ခဲ့သည်။

​လေပြင်းကြောင့် နေအိမ် ၂၀ လုံးနှင့်အတူ လပဘူရီ-ဝမ်မောင်း လမ်းပေါ်ရှိ ဓာတ်ဆီဆိုင်တစ်ဝိုက်တွင်အပျက်အစီးများဖြစ်​ပေါ်ခဲ့သည်။

တာဝန်ရှိသူများကလဲကျနေသော အပင်များနှင့်ထိခိုက်ခဲ့​သော​နေရာများကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြသည်။

လေပြင်း​မွှေ့တိုက်ခတ်မှုကြောင့် လမ်းမပေါ်တွင် ခေါင်မိုးနှင့် စတီးတန်းတန်းများ စုပုံကျ​ရောက်သွားသလို ဗို့အားမြင့် ဓာတ်တိုင်များ လမ်းမပေါ်သို့ ပြုတ်ကျခဲ့သည့်အတွက်လပပူရီမြို့သို့သွားလမ်း ယာဉ်ကြောပိတ်ဆို့သွားသည် ။

သွားလာနေသူများ အန္တရာယ်မဖြစ်စေရန် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပြီး လမ်းကြောင်းများကို ယာယီကန့်သတ်ထားရကြောင်းသိရသည်။

Ref: khaosod


LEAVE A REPLY

Please enter your comment!
Please enter your name here