ဝန်ကြီးချုပ်​ဟောင်း ​မောင်နှမနှစ်​ယောက်၏ နှစ်သစ်ဆု​တောင်း

0
131

သင်္ကြန်ပွဲတော်ကာလအတွင်း ချင်းမိုင်တွင် အပန်းဖြေခရီး​ရောက်ရှိနေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဧပြီလ ၁၃ ရက်နေ့တွင် ထိုင်းနှစ်သစ်ကူးဆုမွန်တောင်း​ပေးခဲ့သည်။

“ဒီနှစ်မှာ သိပ်အဆင်မပြေခဲ့တဲ့ကိစ္စ​တွေ ရှိခဲ့ပါတယ်။ ၀န်ကြီးချုပ် ဆရတ်ထာရဲ့ ကြိုးပမ်းအားထုတ်မူ​တွေ​ကြောင့် မကြာခင်မှာ ထိုင်းလူမျိုးတွေအတွက် အပြုသဘောဆောင်တဲ့ သတင်း​ကောင်းတွေ ကြားရ​တော့မယ်လို့ မျှော်လင့်ပါတယ်” ဟု သက်ဆင်ကဆု​တောင်း​ပေးခဲ့သည်။

တချိန်တည်းမှာပဲ ပြည်ပမှာနေထိုင်တဲ့ ဝန်ကြီးချုပ်ဟောင်း ရင်လပ် ကလည်းသူမဓာတ်ပုံနှင့်အတူ နှစ်သစ်ဆုတောင်းအား ဆိုရှယ်မီဒီယာ​ပေါ်တွင်တင်ထားသည်။

“နှစ်သစ်မှာထိုင်းညီအစ်ကို မောင်နှမ များအားလုံး ကျန်းမာ ချမ်းသာကြပါစေ၊အားလုံးပဲ ပျော်ရွှင်ကြပါစေ။ သင်္ကြန်ရေနဲ့အတားအဆီး အခက်ခဲမှန်သမျှ ဆေး​ကြော ပြေပျောက်ပါစေ။ နှစ်သစ်မှာ စီးပွား​ရေးလုပ်​ငန်းများ ​ကောင်း​တဲ့ ​ရွှေနှစ်​တစ်​နှစ်​ဖြစ်​ပါ​စေ။​ရေသဘင်ပွဲတော်​ဆင်နွှဲတဲ့အခါမိမိကိုယ်​ကို ဂရုစိုက်​ဖို့မ​မေ့ကြပါနဲ့။ မိသားစုနဲ့ အတူနှစ်သစ်ချိန်ခါဖြတ်သန်းကြပါ။ ငါတို့ချစ်တဲ့လူတွေနဲ့အတူထိုင်းသင်္ကြန်မှာ ထိုင်းရိုးရာ ၀တ်စုံနဲ့သင်္ကြန်ရိုးရာ မြှင့်တင်ရေးမှာ ပါဝင်ချင်ပါတယ်။ ပျော်ရွှင်စရာသင်္ကြန်နေ့လေးဖြစ်ပါစေ”ဟု ဆု​တောင်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here