အိန္ဒိယအမျိုးသား ၃ဦး မြန်မာဖက် အွန်လိုင်းလိမ်လည်မူတွင် အဓမ္မ​စေခိုင်းခံ​နေရ

0
115

အိန္ဒိယနိုင်ငံ၊အူတာပရာဒက်ရှ်ပြည်နယ် မှ အမျိုးသားသုံးဦးသည် မြန်မာဖက်သို့အဓမ္မခေါ်ဆောင်ခံထားရသည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင်းဖုန်းဖြင့်လိမ်ညာ 

​နေသည့် ​ကောလ်စင်တာအတုများတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာပြည်တွင်း အာဏာပိုင်များထံ အကူအညီတောင်းခံထားကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အီးအေ) က သောကြာနေ့တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံရပြီး ထိုနေရာတွင် အလုပ်ခိုင်းစေခံရသည့် အူတာပရာဒက်ရှ်မှ အမျိုးသား သုံးဦးကိစ္စကိုဆောင်ရွက်လျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ အမ်အီးအေ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ” သံရုံးက ဒီကိစ္စကို ​သေချာကိုင်တွယ်​နေပါတယ်။မကြာခင်မှာ သူတို့ ၃​ယောက်အိမ်ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု​ဖြေထားသည်။

​ပျောက်​နေ​သောSagar Chauhan ၏ဖခင်က ၎င်း၏သားနှင့်သားသူငယ်ချင်း Rahul နှင့် Ajay တို့ကို မြန်မာနိုင်ငံတွင် အဓမ္မ​ခေါ်​ဆောင်ခံထားရသည်ဟု Joginder Chauhan က လတ်ခ​နောင်းရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနတွင် တိုင်ကြားခဲ့ပြီးနောက် အဆိုပါကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Ref:indiatoday.in


LEAVE A REPLY

Please enter your comment!
Please enter your name here