ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးတွင် HONDA FIT ယာဉ်(၁)စီးမှ မတော်တဆ တိမ်းမှောက်ရာမှ ယာဉ်ပေါ်ပါသူ များအနက်မှ အမျိုးသား (၁)ဦး အသက်ဆုံးရှုံး

0
149

ရန်ကုန် – နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၆) ဖာလုံအနီးတွင် HONDA FIT ယာဉ်(၁)စီးမှ မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ဝင်ရော က်တိုက်မိရာမှ အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြိုနယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၈/၆) ဖာလုံအနီးတွင် ယနေ့ ဧပြီ (၁၄) ရက်၊ နံနက် (၃)နာရီ (၄၀)မိနစ် အချိန်ခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား (၄)ဦးအနက် အမျိုးသား (၁)ဦး ‌ေ-သဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို.ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဒီရက်ထဲ ရာသီဥတုက ပူတယ်။ အပူချိန်များတော့ လမ်းကွန်ကရစ်ကလည်းပူ ကားဘီးတွေ ပွတ်တိုက်မိပြီးတော့ ဘီးပေါက်လို့ ယာဉ်တိမ်းမှောက်တာတွေဖြစ်တာများနေတယ်။ အရှိန်ကို ထိန်းပြီးမောင်းနှင်တာ အကောင်းဆုံးပါ။”ဟု ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် ခရီးသွားလာသူ တစ်ဦးက ပြောသည်။

ထို့အပြင် ဧပြီ (၁၃)ရက်၊ နံနက်ပိုင်းကလည်း ရန်ကုန် – မန္တ လေး အမြန်လမ်းမကြီးတွင် အိမ်စီးကား တစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ် ကြော သို့ရောက်ပြီး တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး အသက်ဆုံးရှုံးခဲ့ရသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here