စော်ဘွားကြီးကုန်း မီးပွိုင့်အနီးတွင် စက်ဘီးသမားအား လိုက်ထရပ်ယာဉ်မှ ဝင်တိုက်မိပြီး မောင်းပြေး၊ အတိုက်ခံရသူ စက်ဘီးသမား အသက်ဆုံးရှုံး

0
177

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မီးပွိုင့်အနီး ပြည်လမ်းမကြီးပေါ်တွင် စက်ဘီး စီးနင်းလာသူအား လိုက်ထရပ်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တို က်မိပြီး ထွက်ပြေးသွားရာ အတိုက်ခံရသည့် စက်ဘီးမောင်းနှင်သူ အမျိုးသား အသက်ဆုံးရှုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဧပြီ (၁၃)ရက်၊ ည(၉)နာရီအချိန်ခန့်က အင်းစိန် မြို့နယ် စော် ဘွားကြီးကုန်း မီးပွိုင့်အနီး ပြည်လမ်းမကြီးပေါ် ယာဉ်တိုက်ထွက်ပြေး ထိခိုက်ဒဏ်ရာများနှင့် လဲနေကြောင်း မိတ်ဖက် ဂုဏဝတီသွေးနှင့် လူမှုကူညီရေးအသင်းမှအကြောင်းကြားသ ဖြင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှလူနာတင်ယာဉ်ဖြင့် အခင်း ဖြစ်ပွားရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

“တိုက်မိပြီး မောင်းပြေးသွားတာပေါ့။ စက်ဘီးသမားက ဒရွတ်တိုက်ပါသွားတာ။ ဒဏ်ရာတွေများတယ်။ ကားကိုတော့ မမိလိုက်ဘူး။ ဘေးနားက ဈေးသည်တွေ ပြောလို့ ကားနံပါ တ်တော့ သိလိုက်ရတယ်။ သက်ဆိုင်ရာကို အကြောင်းကြားထားပါတယ်။”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

အခင်းဖြစ်စဉ်ကြောင့် စက်ဘီးစီးနင်းလာသူ ကိုအောင်ထွေးစံ အသက် (၃၅) နှစ်မှာ ဝဲနားနောက် ပေါက်ပြဲ၊ ဦးခေါင်းနှော က်စေ့ကွဲ၊ ညာလက်ဖျံ ပေါက်ပြဲ ပြတ်ရှ၊ ဝဲဘက်ပေါင်ကျိုးနှင့် ပေါင်ရင်း ပေါက်ပြဲပြတ်ရှ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here