နှစ်သစ်ကူး အကြို အခါသမယ တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

0
141

နှစ်သစ်ကူးအကြို အခါသမနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ယမန်နေ့ ဧပြီ(၁၃) ရက်တွင် မော်လမြိုင်မြို့ပေါ်သို့ နေရပ်စွန့်ခွာတိုက်ပွဲရှောင်လာကြသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အခြေခံစားသောက်ကုန်များ၊ သောက်ရေသန့်၊ အဝတ်အထည်၊ တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် ကျန်းမာရေးသုံး ပစ္စည်းများကို ထောက်ပံ့ပေး အပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နေရပ်စွန်ခွာလာကြသော တိုက်ပွဲရှောင်သူများမှာ မော်လမြိုင်မြို့၊ဈေးကြိုရပ်၊ ဓမ္မမေဒီနီ ပရိယတ္တိစာသင်တိုက်၊ ပန်းပဲတန်းရပ်၊ ရာမညနိကာယ သာသနရက္ခိတပရိယတ္တိစာသင်တိုက်နှင့် တောင်ပေါ်မဟာရင် ကျောင်းတိုက်များတွင် ခိုလှုံရောက်ရှိနေကြခြင်းလည်းဖြစ်သည်

“အခြားလိုအပ်တာတွေကိုလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးမှာဖြစ်သလို အခက်အခဲတွေရှိရင်လည်း မိမိတို့အစိုးရအဖွဲ့အနေနဲ့ အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားသည်။

တိုက်ပွဲရှောင်အိမ်ထောင်စုများမှာ  ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ကော့ပေါက်ကျေးရွာနှင့် မွန်ပြည်နယ်၊ ဓမ္မဿကျေးရွာ၊ တရနာကျေးရွာများတို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စုများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here