သင်္ကြန်စီးရီးခွေလုပ်ဖို့စီစဉ်နေတဲ့ အဆိုတော် ယုဇန

0
259

yu-zana2-copy

၂ဝဝဝ ပြည့်နှစ် ဝန်းကျင်ကာလ က ထွက်ရှိခဲ့တဲ့ ‘ဘဝ ဘဝ’ အတွဲ စီးရီးနဲ့အတူ ဂီတလောကမှာ အောင် မြင်မှုရယူနိုင်ခဲ့တဲ့ ယုဇန က အိမ် ထောင်ကျပြီး နောက်ပိုင်းမှာ အနု ပညာအလုပ်တွေ ခပ်ကျဲကျဲ ဖြစ်လာ တာကို သတိပြုမိပါတယ်။ ဒါ့ကြောင့် လည်း ယုဇနကို အခုနောက်ပိုင်းမှာ အနုပညာလုပ်ငန်းလှုပ်ရှားမှုတွေ ငြိမ်သက်နေတာနဲ့ ပတ်သက်ပြီး တွေ့ ဆုံခိုက် မေးကြည့်တော့…

“အိမ်ထောင်ကျပြီး နောက်ပိုင်း ပြည်ပကိုထွက်သွားဖြစ်တော့ အဲဒီမှာ အဆက်ပြတ်သွားတယ်။ပြန်လာပြီး နောက်မှာလည်း ကြားထဲမှာ နည်း နည်းဟသွားတဲ့အခါကျတော့ အဆိုရှင်သစ်တွေလည်း ပေါ် လာကြပြီ။ ပြီးတော့ တခြားကိစ္စ တွေအရရော ယုဇနတို့အတွက် အခွင့်အလမ်း နည်းနည်း နည်း သွားတယ်။ စီးရီးခွေထွက်ဖို့ကျ တော့လည်း အရင်လို ပရိုဂျူ ဆာ တွေကလည်း ခိုး ကူးတွေ ဘာတွေ မရှိတဲ့အခါ ကိုယ့်ဘာ သာ ကြိုးစားရ တယ်။ အခုလောလော ဆယ်တော့ ကိုယ်တိုင်ပဲ သူငယ်ချင်း တွေနဲ့စီစဉ်ပြီး သင်္ကြန်စီးရီး ခွေလေး လုပ်နေပါ တယ်။ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ အခြေအနေလေး ဖြစ်လာ တဲ့အခါကျတော့ အရင်ကလို ခပ် စိပ်စိပ်တော့ မလုပ်ဖြစ်ဘူးေ ပါ့။အခု တော့ ပြန်လုပ်နေပါပြီ” လို့ ယုဇန က ပြောပါတယ်။

ယုဇနက အနုပညာ အလုပ်တွေ ခပ်ကျဲကျဲ လုပ်ဖြစ်နေတဲ့ အချိန်မှာ ဝါသနာအရ စီးပွားရေး တစ်ခုအနေနဲ့ အွန်လိုင်းဇာဆိုင်တစ်ခု ဖွင့်လှစ် ထား တယ်လို့လည်း သိရပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here