မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပြီး (၁၀)ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ

0
178

မန္တလေးမြို့၊  ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ ဧပြီလ (၁၄) ရက် နံနက်ပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ လူ အနည်းဆုံး(၁၀)ဦး ထက်

မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း နယ်ခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

ယနေ့ သင်္ကြန် အကျနေ့ နံနက် (၁၀) နာရီဝန်းကျင် သင်္ကြန်ပွဲတော် ကျင်းပနေချိန်တွင် (၇၁)လမ်း၊ (၂၆)လမ်းနဲ့ (၂၇)လ မ်းကြား၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားတချို့နှင့် အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

” ကြားတာတော့ (၁၂) ယောက်လို့ကြားတယ်။ ကလေးတစ်ယောက်ပါတယ်။ မိန်းကလေး (၃) ယောက် ၊ ယောက်ျားလေး (၉) ယောက်လို့ကြားတယ်။ မြို့တော်ဝန်မဏ္ဍပ်နားက ဆိုင်ကယ်စတန်းမှာ ဖြစ်တာ” ဟု မန္တလေး မြို့ခံတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နိုင်ငံကျော် မင်းသမီးတစ်ဦးကလည်း သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြန်လည် မျှဝေထားသည်ကို တွေ့ရသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ် ဆောင်သည်ကို မသိရသေးဘဲ သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here