လက်ဘနွန်ကလည်း အစ္စရေးသို့ ဒုံးကျည် ၅၀ ကျော်ပစ်လွှတ်တိုက်ခိုက်ခဲ့

0
208

အီရန်နှင့် အစ္စရေး တင်းမာမှုများ မြင့်မားနေချိန်တွင် လက်ဘနွန်နိုင်ငံကလည်း ဒုံးကျည် အစင်း ၅၀ ကျော်ဖြင့် အစ္စရေးကို ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ ၁၃ ရက်က လက်ဘနွန်မှ ဒုံးကျည် ၅၀ ကျော် အစ္စရေးသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကာ၊ ဧပြီ ၁၂ ရက်နေ့ကလည်း ဒုံးကျည် အစင်း ၄၀ ကျော်ခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့သေးကြောင်း အစ္စရေး စစ်တပ် တာဝန်ရှိသူပြောသည်။

အီရန်ကလည်း အစ္စရေးကို လက်တုံပြန်သည့် တိုက်ခိုက်မှုကို ဧပြီ ၁၃ ရက်နေ့ က စတင်ခဲ့သည်။ အီရန်မှ ဒရုံး အစင်းရေ ရာနှင့်ချီ၍ အစ္စရေးနယ်မြေတွင်းသို ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် အီရန်က အစ္စရေးအား စစ်ရေးအရ ပထမဆုံး တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ် မြိုတော်ရှိ အီရန်ကောင်စစ်ဝန်ရုံးအား ဧပြီလ ၁ ရက်နေ့တွင် အစ္စရေးတိုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်မှ ဗိုလ်ချုပ်နှစ်ဦးအပါအဝင် စစ်သည် ခုနစ်ဦး သေဆုံးခဲ့ခြင်းကို လက်တုံပြန်သည့်အနေဖြင့် အစ္စရေးပစ်မှတ်များကို အီရန်က တိုက်ခိုက်လိမ့်မည်ဟု အမေရိကန် ထောက်လှမ်းရေးက အစ္စရေးကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

အီရန်နှင့် ဆီးရီယား အစိုးရနှစ်ခုစလုံးက အဆိုပါတိုက်ခိုက်မှုအတွက် အစ္စရေးကို အပြစ်တင်ခဲ့ပြီး လက်စားချေမည်ဟု ဆိုခဲ့ကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စရေးက မိမိတိုလက်ချက်ဖြစ်ကြောင်း ဝန်ခံချက်မပေးသေးပေ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ အစ္စရေးနိုင်ငံအပေါ် ရန်လိုမှုမှန်သမျှကို ခုခံကာကွယ်သွားမည်ဟု ပြောကြားခဲ့ပြီး IDF နှင့် မော့ဆက်တို့၏ လက်တုံ့ပြန်တိုက်ခိုက်မှုပြုလုပ်မည့် အစီအစဉ်များကို အတည်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here