ကမ္ဘာက နောက်ထပ်စစ်ပွဲကို တောင့်မခံနိုင်ဘူး ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆို

0
203

နိုင်ငံတကာအသိုင်းအဝိုင်းက နောက်ထပ်စစ်ပွဲတစ်ခုဖြစ်လာခြင်းကို တောင့်ခံနိုင်တော့မည်မဟုတ်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။

အစ္စရေးကို အီရန်က ဒရုန်းများ ဒုံးကျည်များနှင့် တိုက်ခိုက်ခြင်းကို ရည်ရွယ်၍ ယခုကဲ့သို့ မှတ်ချက်ပေးခြင်းဖြစ်သည်။

“ဒေသအနှံ့ ဆိုးရွားပြင်းထန်တဲ့ ပြင်းထန်တဲ့ ပြင်းထန်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကျွန်တော် လေးလေးနက်နက် စိုးရိမ်မိပါတယ်။ အရှေ့အလယ်ပိုင်းမှာ စစ်မျက်နှာများစွာမှာ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာနိုင်တဲ့ လုပ်ရပ်မှန်သမျှကို ရှောင်ရှားဖို့ နိုင်ငံအားလုံးအနေနဲ့ အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ဒေသတွင်းရော ကမ္ဘာကပါ နောက်ထပ်စစ်ပွဲတစ်ခုကို ခံနိုင်ရည်စွမ်းမရှိတော့ဘူး” ဟုလည်း ထပ်ခါတလဲလဲ အလေးပေးပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ အစ္စရေး အမြဲတမ်း ကိုယ်စားလှယ် Gilad Erdan က အီရန်၏ တိုက်ခိုက်မှုသည် ကုလသမဂ္ဂ ပဋိဉာဉ်ကို ချိုးဖောက်သည်ဟု ယုံကြည်နေသော်လည်း၊ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကမူ ဆီးရီးယားရှိ မိမိတို့၏ သံတမန် အဆောက်အအုံများကို အစ္စရေး၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် တိုက်ခိုက်မှုသည် တရားဝင်သော ကိုယ်ပိုင်ကာကွယ်ရေးဆိုင်ရာ ပဋိညာဉ်စာချုပ်ပါ အပိုဒ်များနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here