သံလွင်တံတား (ချောင်းဆုံ) အဆင်းတွင်လမ်းတားတုံးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည့် အမျိုးသားသေဆုံး

0
116

မော်လမြိုင်မြို့၊ သံလွင်တံတား (ချောင်းဆုံ)အဆင်း ကညှော်ကျေးရွာဘက်သွား

လမ်းမကြီးပေါ်ရှိ လမ်းတားတုံးကို ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားတစ်ဦးက ယနေ့ ဧပြီ(၁၄)ရက် နံနက် (၁၁)နာရီအချိန်ခန့်တွင် တိုက်မိခဲ့ရာမှ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုးသားအား မော်လမြိုင်ပြည်သူဆေးရုံသို့ပို့ဆောင်ခဲ့ရာ၊ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“အလုပ်ကိစ္စအရေးတကြီးလာရင်းနဲ့ ဖြစ်တယ်လို့သိရတယ်။ အသက်က (၃၃)ဝန်း

ကျင်လောက်ရှိမယ်။ သူက ဘုန်းကြီး ကျောင်းမှာနေတာလို့သိရတယ်။ အရက်လည်းနည်းနည်းတော့သောက်ထားတယ်။ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာပေါ့။”ဟု ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် သေဆုံးသူအမျိုးသား၏ ရုက်အခလာင်းကို မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံသို့ကူညီပို့ဆောင်ထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here