တရုတ်-လာအို မီးရထားဖြင့် နယ်စပ်ဖြတ်ကျော်ခရီးသည် ဝန်ဆောင်မှု ၁ နှစ်ပြည့်တွင် ရလဒ်ကောင်းများ ရရှိထား

0
149

ဗီယန်ကျင်း၊ ဧပြီ ၁၄ ရက် ၊ဆင်ဟွာ

လွန်ခဲ့သည့်တစ်နှစ်က တရုတ်-လာအို မီးရထားဖြင့် နယ်စပ်ဖြတ်ကျော်ခရီးသည်တင် ဝန်ဆောင်မှုကို စတင်ခဲ့ရာ လာအိုနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်း ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အ​​ထောက်အပံ့ဖြစ်ခဲ့သည်ဟုဆိုသည်။ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုမြို့တော် ဗီယင်ကျန်းမြို့ကို ဆက်သွယ်ထားသည့် မီးရထားလမ်းဖြစ်သည်။

လာအိုနှင့် တရုတ်ကြား

 ရထားလမ်းသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် နယ်စပ်ဖြတ်ကျော်ခရီးသည်ဝန်ဆောင်မှုကို စတင်ခဲ့သည်။ 

ထိုခရီးစဥ်သည် ပြည်တွင်းခရီးသည် ၅၅,၅၃၂ ဦးနှင့် ပြည်ပခရီးသည် ၅၅,၄၃၀ အပါအဝင် နယ်စပ်ဖြတ်ကျော်ခရီးသည် ၁၁၀,၉၆၂ ဦး ကို ဝန်​ဆောင်မူ​ပေးခဲ့​ကြောင်း လာအို-တရုတ် မီးရထားကုမ္ပဏီလီမိတက် (LCRC) မှ စနေနေ့က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

“နယ်စပ်ဖြတ်ကျော်ရထားက စီးပွားရေးသမားတွေ၊ ခရီးသွားတွေနဲ့ ကျောင်းသားတွေ သွားလာရ လွယ်ကူ၊ မြန်မြန်ဆန်ဆန်နဲ့ ပိုဘေးကင်းအောင် ကူညီပေးတာကို တွေ့ရတော့ တကယ်ကို ဝမ်းသာမိပါတယ်။ လာအိုနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ လာအိုကို ရင်းနှီးမြုပ်နှံမှုတွေ ပိုများလာအောင် ဆွဲဆောင်နေပါတယ်” ဟု LCRC ၏ လက်ထောက်အင်ဂျင်နီယာချုပ် Vongthong Souphanthong က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အရည်အသွေးမြင့် Belt and Road ပူးပေါင်းဆောင်ရွက်မှုကိုပြသသည့် အထင်ကရစီမံကိန်းဖြစ်သော အဆိုပါမီးရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ အဆိုပါရထားလမ်းသည် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းဆက်သွယ်မှုဗဟိုချက်မအဖြစ်သို့ ပြောင်းလဲရန် အထောက်အကူဖြစ်စေခဲ့ပါသည်။

Ref: english.news.cn


LEAVE A REPLY

Please enter your comment!
Please enter your name here