အီရန်က အစ္စရေးကို တိုက်ခိုက်မှုအား ထောက်ခံကာ အီရန်နိုင်ငံသားများ ထောင်ချီ၍ လမ်းမ ​ေပါ်စုဝေးလျှက် အောင်ပွဲခံ

0
196

ေတရန်၊ဧပြီ ၁၄

အီရန်က အစ္စရေးကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကို ထောက်ခံအားပေးသည့်အနေဖြင့် အီရန်နိုင်ငံသားများ သည် ထောင်ချီ၍ လမ်းေပါ်ထွက်စုဝေးကာ အောင်ပွဲခံခဲ့ကြပြီး အစ္စရေးအပါအဝင် အမေရိက အားကျဆုံးပါစေ စသည့် ကြွေးကြော်သံများကိုလည်း အော်ဟစ်ခဲ့ကြသည်ဟုသိရသည်။

အလားတူပင် အီရန်နှင့်ပါလက်စတိုင်းအလံများအား ကိုင်ဆောင်ကာ အောင်ပွဲနီးပြီဟူသော အလံများကို ကိုင်ဆောင်ကာစီတန်းလှည့်လည်ခဲ့ကြသေးသည်။ ယခုလ  ၁ ရက်နေ့က အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးထိခိုက်ခဲ့ရပြီး ဗိုလ်ချုပ်နှစ်ဦးအပါအဝင် တော်လှန်ရေးအစောင့်တပ်သား ၇ ဦးသေဆုံးခဲ့သည့်အတွက် လက်စားေချ တုန့်ပြန်ခြင်းဖြစ်သည်ဟုလည်းအီရန်ကဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးတို့အနေဖြင့် ပြစ်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း အီရန်၏ထိပ်တန်းခေါင်းဆောင်တစ်ဦးကပြောကြားခဲ့ပြီး ယခုပစ်လွှတ်ခဲ့သည့် ဒရုန်းများနှင့်ဒုံးကျည်များသည် အီရန်တစ် နိုင်ငံ တည်းမှလာသည်မဟုတ်ဘဲ အီရန်၏မဟာမိတ် ယီမင်၊လက်ဘနွန်နှင့်အီရတ်တို့ကပါ ပူးတွဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အီရန်မီဒီယာများ၌ဖော်ပြထားသည်။

စုဝေးချိန်အတွင်း ကြွေးကြော်အောင်ပွဲခံသူများသည် ေတရန်ရှိ အင်္ဂလန်သံရုံးရှေ့အပါအဝင် ဧပြီ ၁ ရက်က အစ္စရေးက တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် ဗိုလ်ချုပ်နှစ်ဦးအနက် တစ်ဦး၏ရုပ်အလောင်းမြှုပ်နှံထားရာနေရာနှင့် ၂၀၂၀ ပြည့်နှစ်က အမေရိက၏ဒရုန်းတိုက်ခိုက်မှုအတွင်းသေဆုံးခဲ့ရသည့် ထင်ရှားသောအစောင့်တပ်မှူး၏ရုပ်အလောင်းများရှိရာနေရာများတွင်ပါစုဝေးခဲ့ကြသည်။

ယခုတိုက်ခိုက်မှုအတွင်း အမေရိကအနေဖြင့်ပါဝင်ပတ်သက်ခြင်းမျိုးမလုပ်ဘဲ ဝေးဝေးနေရန် အီရန်ဘက်ကသတိပေးခဲ့သော်လည်း အမေရိကနှင့်ဗြိတိန်တို့ကမူ အီရန်ဘက်မှပစ်လွှတ်လိုက်သည့် ရာနှင့်ချီသောဒရုန်းများအား ကူညီပစ်ချပေးခဲ့ကြောင်းသိရသည်။

နိုင်ငံအသီးသီးက ယခုလုပ်ရပ်နှင့်ပတ်သက်၍ အီရန်အားအပြစ်ဖို့ကြသော်လည်း အီရန်ကမူ ၎င်းအနေဖြင့် မိမိကိုယ်ကိုယ်မိမိ ကာကွယ်ခြင်းသာဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့ပြီး ၎င်း၏တိုက်ခိုက်မှုကြောင့် အခြေအနေပိုတင်းမာလာရန်မရှိဘဲ မကြာခင်ပြီးဆုံးရန်သာမျှော်လင့်မိသည်ဟုလည်းဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအာ


LEAVE A REPLY

Please enter your comment!
Please enter your name here