အမျိုးသမီးများ ဝင်ရောက်ဖြေဆိုမည့် EPS ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖြေခွင့်ရသူ ၉,၀၀၀ နီးပါးရှိ

0
533

တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်အတွက် ပထမဦးဆုံးအနေဖြင့် အမျိုးသမီးများဝင်ရောက်ဖြေဆိုမည့် ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖြေခွင့်ရသူ ၉,၀၀၀ နီးပါးရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က အသိပေးထုတ်ပြန်ထားသည်။

စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရသူများ စာရင်းကို POEA က စတင်ကြေညာပေးနေပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက်ဖြေမယ့်သူဦးရေ ၈၄၈၁ ဦးရှိကြောင်း ဧပြီ (၁၉) ရက်အထိ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမည့်သူဦးရေ၏ သုံးပုံနှစ်ပုံလောက်သည် အမျိုးသမီးများဖြစ်ပြီး ပညာအရည်အချင်း ကန့်သတ်ချက်များကြောင့် လူစိတ်ဝင်စားမှုများပြားသော်လည်း ဖြေဆိုခွင့်မရသူများရှိကြောင်းသိရသည်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းအတွက် အောင်မြင်မှုပေးရန်လျာထားသူ ဦးရေသည် ၃,၀၀၀ ကျော်သာရှိပြီး ဖြေမည့်သူဦးရေသည် သုံးဆနီးပါးများနေခြင်း ဖြစ်သည်။

(၁၆) ကြိမ်မြောက်EPS – TOPIK စာမေးပွဲကို ဧပြီလကုန်မှ စက်တင်ဘာလလယ်အထိ လုပ်ငန်းအမျိုးအစားအလိုက် ကျင်းပပြုလုပ်မည်ဖြစ်သည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ EPS စနစ်ဖြင့် မြန်မာလုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေကြကြောင်း စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here