သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဓာတ်အား(၁၄)မဂ္ဂါဝပ်ခန့်ထုတ်နိုင်သည့် ဆိုလာလျှပ်စစ်ဓါတ်အား စနစ်တပ်ဆင်ရန် စီစဉ်ထား

0
232

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဓာတ်အား(၁၄)မဂ္ဂါဝပ်ခန့်ထုတ်နိုင်သည့် ဆိုလာလျှပ်စစ်ဓါတ်အား စနစ်ကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်တွင် နေရောင်ခြည်စွမ်းအင်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနေဖြင့် စက်ရုံ (၃) ရုံမှ ဆိုလာစနစ်များတပ်ဆင်ထားပြီး လျှပ်စစ်ဓာတ်အား ၂ မဂ္ဂါဝပ်ခန့်ထုတ်လုပ်အသုံးပြုနေသည့်အပြင် ဇုန်အလိုက်လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဇုန်ကုမ္ပဏီများ၏ လေ့လာထားချက်များအရ (၁၄) မဂ္ဂါဝပ်ခန့်အထိ ဆိုလာစနစ်တပ်ဆင်ဓာတ်အားထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ MJTT ကလည်း ဆိုလာစနစ်တပ်ဆင်ပြီးပါက အသုံးပြုနေသည့် ဝန်အားထက် ဆိုလာစနစ်မှဓာတ်အား ထုတ်လုပ်နိုင်မှုပိုနေချိန်များတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဓာတ်အားလိုင်းမှတဆင့် အဆိုပါအထူးစီးပွားရေးဇုန်အတွင်းရှိ အခြားစက်ရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်သည် ၆၆၅ ဒသမ ၂၇၅ ဟတ်ကာရှိပြီး ဧက ၁၆၅၀ နီးပါးကျယ်ဝန်းသည့် နေရာပေါ်တွင် နိုင်ငံပေါင်း (၂၁) နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၄ ခုက ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here