မြိတ်မြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ

0
231

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့တွင် ယနေ့ ဧပြီ (၂၀) ရက်၊ နံနက် (၉)နာရီ (၅၅)မိနစ် အချိန်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြိတ်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မြိတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ မြိတ်မြို့နယ် အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ခရိုင်၊ မြို့နယ်၊ အရန် မီးသတ်စခန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ဆုံးရှုံးမှု တန်ဖိုး အသေးစိတ် အချက်လက်များကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here