ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်အားလုံး ပုံမှန် ပြန်လည်ရောင်းချ

0
185

နှစ်ဆန်း (၂) ရက်နေ့ ဧပြီ (၁၈) ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်အားလုံးကို ပုံမှန်အတိုင်း ပြန်လည်ရောင်းချနေပြီဖြစ်ကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန (ရန်ကုန်) မှ သိရသည်။

သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းအတွင်းရှိ CNG အရောင်းဆိုင်ပေါင်း (၃ဝ) သာ ဧပြီလ (၈) ရက်မှ ဧပြီလ (၁၇) ရက်အထိ ပိတ်ရက်မရှိဖွင့်လှစ်ပေးထားပြီး ဆိုင်အချို့ကို ပိတ်ထား ခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ရောင်းချပေးခဲ့သည့် ဆိုင်များမှာ သမိုင်း၊ အလုံ၊ အင်းစိန်၊ ကျိုက္ကလို့၊ သာကေတ၊ ဘုရင့်နောင်၊ ပုလဲ၊ လှိုင်သာယာ၊ ဒညင်းကုန်း ၊ ဒဂုံ(အရှေ့ပိုင်း) ၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ မောင်းမကန် ၊ ထောက်ကြန့်တို့ရှိ CNG အရောင်းဆိုင်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် စော်ဘွားကြီးကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်း၊ ပါရမီ၊ လှော်ကား၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သုဝဏ္ဏ၊ သန်လျင်မြို့ရှိ CNG အရောင်းဆိုင်တို့ကိုလည်း သင်္ကြန်ကာလတွင် ပိတ်ရက်မရှိရောင်းချပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ CNG အရောင်းဆိုင်ပေါင်း (၄၆) ဆိုင်စလုံးကို ပုံမှန်ပြန်လည်ဖွင့်လှစ်ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here