ဖျာပုံ – ဒေးဒရဲလမ်းပိုင်း မှော်အိုင်ကျေးရွာအနီးတွင် Light Truck ယာဉ်(၁)စီး တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံး

0
349

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဖျာပုံ-ဒေးဒရဲလမ်း၊ မိုင်တိုင်အမှတ်(၅/၃)နှင့်(၁၀/၃)ကြား၊ မှော်အိုင်ကျေးရွာအနီးတွင် Light Truck ယာဉ်(၁)စီး လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မိသည့်အတွက် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဧပြီ (၂၀) ရက်၊ နေ့လယ် (၁၂)နာရီ (၅)မိနစ်အချိန်ခန့်က ဖျာပုံ – ဒေးဒရဲ လမ်းပိုင်းတွင် Light Truck ယာဉ်(၁)စီး မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖျာပုံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွား‌ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ယာဉ်မောင်းအပါအဝင် သံဃာတော်(၁)ပါး၊ အမျိုးသား (၅)ဦး၊ အ မျိုးသမီး(၂)ဦးအနက် အမျိုးသား (၁)ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကျန် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူများအား ပဲ့တင်သံလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here