ဆီထွက်သီးနှံ စိုက်ဧက (၃)သန်းကို အထူးဇုန်များအဖြစ်သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်

0
252

ယခုနှစ်မှစ၍ ဆီထွက်သီးနှံ စိုက်ဧက (၃)သန်းကို အထူးဇုန်များအဖြစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ သိရသည်။

ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၃ သန်းခန့်ရှိရာမှ ၃ သန်းခန့်ကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အထူးဇုန်များအဖြစ်သတ်မှတ်၍ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မှုအတွက် လက်ရှိတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးမှုသည် စားအုန်းဆီမပါ စိုက်ဧက (၈) သိန်းရှိပြီး ပန်းတိုင်ရည်မှန်းချက်ထွက်ရှိအောင် ဆောင်ရွက်နိုင်ပါက နိုင်ငံ၏ စားသုံးဆီဖူလုံမှုသည် (၂၄၉ ဒသမ ၅) ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ပြည်တွင်းဆီထုတ်လုပ်မှုဖြင့် မဖြည့်ဆည်းနိုင်သဖြင့် နှစ်စဥ် ပြည်ပမှ စားသုံးဆီ တန်ချိန် (၈)သိန်းခန့် တင်သွင်းနေရခြင်းဖြစ်သည်။

ပြည်တွင်း၌ နှစ်စဥ်စားသုံးရန်နှင့် လုပ်ငန်းသုံးရန် ဆီလိုအပ်ချက်တန်ချိန် (၁ ဒသမ ၁) သန်းခန့်ရှိပြီး ဆီလိုအပ်ချက်၏ (၆ဝ) ရာခိုင်နှုန်းခန့်အထိ ပြည်ပမှ တင်သွင်းနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here