ဆန္ဒမပြတော့ရန် အစိုးရညွှန်ကြားချက် တောင်ကိုရီးယားဆရာဝန်များပယ်ချ

0
112

ဆိုးလ်၊ဧပြီ ၂၁

အစိုးရ၏ ပြန်လည်ပြင်ဆင်ထားသော ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်ကို ဆန္ဒပြဆရာဝန်များက လက်မခံဘဲပယ်ချခဲ့ပြီး ထောင်နှင့်ချီသောဆရာဝန်များ၏ ဆန္ဒပြနေမှုများကြောင့် လူနာများ အခက်တွေ့နေကြရသည်။

တောင်ကိုရီးယားဆရာဝန်များသည် လုပ်သားလိုအပ်ချက်အရ ဆရာဝန်အရေအတွက်မြှင့်တင်နိုင်ရန် ဆေးကျောင်းတက်ရောက်နိုင်သူကျောင်းသားအရေအတွက် တိုးမြှင့်လက်ခံမည့် အစိုးရ၏အစီအစဉ်ကို ဆရာဝန်များက ဆန္ဒပြနေကြခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဆရာဝန်များ၏ ဆန္ဒနှင့်တောင်းဆိုမှုအားလက်ခံသည့်အနေဖြင့် မူလကသတ်မှတ်ထားသည့် ဆေးကျောင်းဝင်ခွင့်လူဦးရေ ၂,၀၀၀ အစား ၁,၀၀၀ အထိလျှော့ချလက်ခံရန်ပြောကြားခဲ့သော်လည်း ကိုရီးယား ဆရာဝန်များအသင်းကမူ အဆိုပါအစီအစဉ်ကို တစ်ပတ်အတွင်း ဖျက်သိမ်းပေးရန်ထပ်မံတောင်းဆိုခဲ့သည်။

“ဆရာဝန်လိုအပ်ချက်ကို ဒီလိုလူဦးရေတိုးလက်ခံလိုက်ရုံနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး၊ဒါဟာ အခြေခံကျတဲ့ဖြေရှင်းနည်းလည်းမဟုတ်တဲ့အတွက် ကိုရီးယားဆရာဝန်များအသင်းက လက်မခံပါဘူး” ဟုလည်း ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကပြောကြားခဲ့သည်။

အစိုးရကမူ ယခုအစီအစဉ်ကြောင့် သက်ကြီးရွယ်အိုများပြားသည့် လူ့အဖွဲ့အစည်းအတွက် ဆရာဝန်ရှားပါးမှုကိုလျော့နည်းစေမည်ဟုအခိုင်အမာပြောကြားခဲ့သော်လည်း ဆရာဝန်ကြီးများနှင့်သင်တန်းသား ဆရာဝန်များကမူ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးကိုသာ ကျဆင်းနိုင်သည်ဟုဆိုကြသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ခဲ့သည့် တောင်ကိုရီးယားဆရာဝန်များ၏ ဆန္ဒပြမှုများသည် ဆေးရုံများတွင် ကမောက်ကမဖြစ်စေပြီး အရေးကြီးသည့် ခွဲစိတ်မှုများနှင့်လူနာများလည်း အခက်အခဲဖြစ်ကြရသည်ဟုလည်းဆိုကြသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here