သင်္ဃန်းကျွန်းမြို့နယ်တွင် YBS (၉၆) ယာဉ်တစ်စီးမှ အမျိုးသမီးတစ်ဦးအား ဝင်ရောက်တို-က်မိသည့်အတွက် ထိခိုက်ဒဏ်ရာရ

0
355

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS (၉၆) ယာဉ်တစ်စီးမှ အမျိုးသမီး တစ်ဦးအား ဝင်ရောက်တို-က်မိခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းမှ သိရသည်။

ယနေ့ ဧပြီ (၂၁)ရက်၊ နံနက် (၁၁)နာရီအချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ (ဂ) ရပ်ကွက်၊သံသုမာလမ်းနှင့် ဗိုလ်တေဇ (၃) လမ်းထိပ်တွင် တစ်ဖက်ယာဉ်ကြောသို့ လမ်းဖြတ်ကူးရန် လမ်းလယ်တုံး၌ စောင့်ဆိုင်းနေသည့် အမျိုးသမီးတစ်ဦးအား YBS (၉၆) ယာဉ်တစ်စီးမှ ဝင်တို-က်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်စဉ်အရ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီတောင်းခံချက်အရ အသင်းမှ သွားရောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တို-က်ခံရသူ အမျိုးသမီးမှာ မျက်နှာဖူးယောင်ပွန်းပဲ့၊ လက်/ခြေထောက်ပွန်းပဲ့ ဒဏ်ရာရရှိကာ အစိမ်းရောင်အဆင့် သတ်မှတ်ပြီး မိတ်ဘက်အသင်းဖြစ်သော ဆန်ရေလူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here