အကျပ်အတည်းများ ပိုဆိုးစေရန် ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်ကို အမေရိကန်က အကူအညီပေးခဲ့

0
182

ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့အတွက် အမေရိကန်၏ စစ်ရေးအကူအညီများက ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအား ပိုမိုဆိုးရွားလာစေလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခရိုဗာက ပြောသည်။

“ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် အမေရိကန်က လျာထားတဲ့ စစ်ရေးအကူအညီတွေရဲ့ အဓိပ္ပါယ်ကတော့၊ ကိယက်ဗ်အစိုးရကို စစ်ရေးအကူအညီက စစ်မက်ပိုမိုဆိုးရွားစေတဲ့ လုပ်ရပ်တွေအတွက် တိုက်ရိုက်ဘဏ္ဍာရေး အထောက်အပံ့ဖြစ်ပြီး ထိုင်ဝမ်ကို အကူအညီပေးတာကတော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြီးတော့ အစ္စရေးနိုင်ငံတွက် အကူအညီတွေကလဲ ဒေသတွင်း မကြုံစဖူး အကျပ်အတည်းတွေ တိုးမြင့်လာမှုစေဖို့အတွက် တိုက်ရိုက်ဦးတည်နေတာပါပဲ” ဟု မာရီယာဇာခရိုဗာက သူ၏ တယ်လီဂရမ်ချန်နယ်တွင် ရေးသားခဲ့သည်။

ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့အတွက် စစ်ရေးအကူအညီ စုစုပေါင်း ဒေါ်လာ ၉၅ ဘီလီယံဖိုး ပေးအပ်ရန်နှင့် တရုတ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန်ကို အမေရိကန် အောက်လွှတ်တော်က စနေနေ့တွင် အတည်ပြုလိုက်သည်။ အထူးသဖြင့် ယူကရိန်းအတွက် ဒေါ်လာ ၆၀ ဘီလီယံနှင့် အစ္စရေးအတွက် ဒေါ်လာ ၂၆ ဘီလီယံ ကူညီရန်ဖြစ်ပြီး ဂါဇာကမ်းမြှောင် အပါအဝင် ပဋိပက္ခဇုန်များရှိ အရပ်သားများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်လည်း အနည်းငယ်မျှ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here