မြဝတီမြို့ တိုက်ပွဲအတွင်း အရပ်သားကားအား ပစ်ခတ်မှုကြောင့် ‌ေ-သဆုံးခဲ့ရသူ (၃) ဦး၏ နာရေးကို ယနေ့ ညနေပိုင်းပြုလုပ်

0
189

ယမန်နေ့ ဧပြီလ (၂၀) ရက် နံနက်အစောပိုင်းက တိုက်ပွဲပြင်းထန်နေချိန် စစ်ဘေးရှောင်ရန် မြဝတီမြို့ ၊ ရေပူရပ်ကွက်မိသားစုလိုက် ကားဖြင့်ထွက်ပြေးလာစဉ် ဝိုင်းဝန်းပစ်ခတ်ခြင်းခံရမှုကြောင့် ‌ေ- သဆုံးသွားခဲ့သူ (၃) ဦး၏ နာရေးကို ယနေ့ ဧပြီလ (၂၁) ရက် ညနေ (၃) နာရီခန့်က မြဝတီသုဿာန်တွင်ပြုလုပ် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ ၊ အမှတ်(၂) ချစ်ကြည်ရေး တံတားအနီးရှိ ရေပူ‌ရပ်ကွက်တွင် နေထိုင်သည့် မိသားစုသည် တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ဘေးရှောင်ရန်အတွက် မိသားစုလိုက် ကားဖြင့် တိမ်းရှောင်လာစဉ် လက်နက်ကိုင် အဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် CCTV မှတ်တမ်းမြင်ကွင်းအရ ၎င်းတို့ မောင်းနှင်လာသည့် ကားအား မြဝတီကားဝန်းဟောင်းအနီး ၊ အာရှလမ်းမပေါ်တွင် လက်နက်ကိုင်အဖွဲ့ဝင် အနည်းဆုံး (၄) ဦးခန့်သည့် လက်နက်ငယ်များဖြင့် (၁၀) ချက်ထက်မနည်း ဝိုင်းဝန်းပစ်ခတ်နေသည်ကို တွေ့ရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်မှာ လမ်းဘေးခြောက်အတွင်းသို့ ထို-းကျတိမ်းမှေ-ာက်သွားခဲ့ပြီး အမျိုးသမီးငယ် (၂) ဦးမှာ ‌ေ-သနတ်ထိမှန် ဒဏ်ရာများဖြင့် နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း သွားရောက်ကူညီခဲ့သည့် မြဝတီမြို့ခံ လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် အသက် (၁၃) နှစ်အရွယ် အမျိုးသားငယ် တစ်ဦးလည်း ‌ေ- သနတ်ဒဏ်ရာများဖြင့် ဆေးရုံ၌ ထပ်မံကွယ်လွန်ခဲ့ရကြောင်းလည်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် မြဝတီမြို့နေ ကိုကျော်စွာဆိုသူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့မှာ ‌ေ-သနတ်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ယမန်နေ့ ဧပြီလ (၂၀) ရက် နေ့လယ်ပိုင်းကပင် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ကုသမှု ခံယူနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‌ေ-သဆုံးသူ(၃) ဦးမှာ ကိုကျော်စွာ၏ သမီးအငယ်၊ ကိုကျော်စွာ၏ ချွေးမဖြစ်သူနှင့် အသက် (၁၃) နှစ်အရွယ် တူဖြစ်သူတို့ ဖြစ်ကြောင်း မြဝတီမြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here