ပစိဖိတ်သမုဒ္ဒရာထဲသို့ ဂျပန်စစ်ရဟတ်ယာဉ်နှစ်စီးပျ-က်ကျ၊ ၁ ဦး‌ေ-သ ၇ ဦးပျောက်ဆုံး

0
134

တိုကျို၊ဧပြီ ၂၁

ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ မှ ရဟတ်ယာဉ်နှစ်စင်းသည် စနေနေ့နှောင်းပိုင်းက ပစိဖိတ်ဒေသ၌ စစ်ရေးလေ့ကျင့်စဥ်အတွင်းပျ-က်ကျခဲ့ရာ ရဟတ်ယာဉ်နှစ်စင်းပေါ်ပါသူရှစ်ဦးအနက် တစ်ဦး‌ေ-သဆုံးခဲ့ပြီး ကျန်ခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်နှစ်စင်းသည် အချင်းချင်းတို-က်မိခဲ့သည်ဟု ယူဆရကြောင်း ကာကွယ်ရေးဝန်ကြီး မိနိုရု ခိဟရက သတင်းထောက်များအားပြောကြားခဲ့သည်။

အမှုထမ်းလေးဦးစီတင်ဆောင်လာသော SH-60K အမည်ရှိ အဆိုပါရဟတ်ယာဉ်များသည် ည ၁၀ နာရီ ၃၈ မိနစ်တွင် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ည ၁၁ နာရီ ၄ မိနစ်တွင် MSDF ကအရေးပေါ် အချက်ပြမှုများ အသီးသီးလက်ခံရရှိကြောင်းသိရသည်။

အခင်းဖြစ်ပွားပြီးနောက် ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့ မှ SH-60K ရဟတ်ယာဉ်များ ပါဝင်သော လေ့ကျင့်ရေးအားလုံးကိုရပ်ဆိုင်းခဲ့ပြီး ဖြစ်ရပ်မှန်စုံစမ်းရေး အဖွဲ့ ဖွဲ့ ပေး ခဲ့ကြောင်း စစ်ဦးစီးအရာရှိချုပ် (ရေ)  ဗိုလ်ချုပ်ကြီး ရိုဆခအိ ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရသည့်အကြောင်းရင်းအားမသိရသေးသော်လည်း ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရန်ဝန်ကြီးဌာနအနေနှင့် အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ပြီး ယခုမ‌တော်တဆမှုတွင် အခြားနိုင်ငံများနှင့်ဆက်နွယ်နေသည့်အရိပ်အယောင်များမရှိကြောင်းလည်းပြောကြားခဲ့သည်။

Source : ကျိုဒို


LEAVE A REPLY

Please enter your comment!
Please enter your name here