အာဒိုဂန်နှင့် ဟားမတ်စ်ခေါင်းဆောင်တွေ့၊ ဒေသတွင်းငြိမ်းချမ်းရေးဆွေးနွေး

0
116

အစ္စတန်ဘူလ်၊ဧပြီ ၂၁

တုကီယေးသမ္မတအာဒိုဂန်သည် ဟားမတ်စ်ခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးဂါဇာသို့ အထောက်အကူပြုပစ္စည်းများပေးအပ်ရေးအပါအဝင် ဒေသတွင်း၌ တရားမျှတပြီး ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးရရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုတွေ့ဆုံဆွေးနွေးမှုသည် ဟားမတ်စ် – အစ္စရေးအရေးအခင်းစတင်ချိန်မှစ၍ တုကီယေးသမ္မတနှင့် ဟားမတ်စ်ခေါင်းဆောင်တို့အကြား ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း အစ္စရေးက အီရန်အား တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းတင်းမာမှုများ မြင့်တက်ချိန်တွင် ယခုခရီးစဉ် ဖြစ်ပေါ်လာသည်။

အာဒိုဂန်ကမူ အီရန်နှင့်အစ္စရေးကြားဖြစ်‌ လာမည့်ပြဿနာ အသစ်များသည် အစ္စရေး၏ဂါဇာသို့တိုက်ခိုက်မှုများအတွက် အကာအကွယ်မဖြစ်သင့်ကြောင်းနှင့် ယခုအချိန်သည် ဂါဇာကမ်းမြောင်ဒေသကို နောက်တစ်ကြိမ်အာရုံစိုက်ရမည့်အချိန်ဖြစ်ကြောင်းလည်းအာဒိုဂန်က အလေးအနက်ပြောကြားခဲ့သည်။

ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်မှုအပြီး ဂါဇာတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုများကို နေတိုးအဖွဲ့ဝင် တုကီယေးကရှုံ့ချခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်းချက်ချင်းတောင်းဆိုခဲ့သည်။

သမ္မတအာဒိုဂန်သည် အစ္စရေးသို့အကူအညီများအတွက် အနောက်အုပ်စုအားပြစ်တင်ရှုံ့ချခဲ့သကဲ့သို့ ဟားမတ်စ်၏ အစ္စရေးအားတိုက်ခိုက်မှုသည်လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ခုသာဖြစ်သည်ဟုလည်းခေါ်ဆိုခဲ့သည်။ယင်းအပြင် အန်ကာရာသည် အစ္စရေးအပေါ် ကုန်သွယ်မှုကန့်သတ်ချက်များလည်း ချမှတ်ခဲ့သေးသည်။

စနေနေ့တွေ့ဆုံမှုတွင် အာဒိုဂန်က ဟားမတ်စ် ခေါင်းဆောင်အား ၎င်းတို့အနေဖြင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးနှင့် လွတ်လပ်သောပါလက်စတိုင်းနိုင်ငံထူထောင်ရေးတို့အတွက် သံတမန်ရေးရာ ကြိုးပမ်းမှုများကိုပါ ဆက်လက်လုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here