ထောက်ပံ့ငွေအသစ်အား မည်သို့သုံးမည်ကို အမေရိကနှင့်ဆွေးနွေးမည်ဟုထိုင်ဝမ်ဆို

0
251

တိုင်ပေ၊ဧပြီ ၂၁

ယူကရိန်း၊အစ္စရေးနှင့် ထိုင်ဝမ်တို့အတွက် အမေရိကန်၏စစ်ရေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၉၅ ဘီလျံဖိုး အကူအညီပေးမည် ဖြစ်ရာ ထိုင်ဝမ်အတွက်အကူအညီအား မည်သို့သုံးမည်ကို အမေရိကနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အမေရိကသည် ထိုင်ဝမ်နှင့်တရားဝင်ဆက်ဆံရေးထူထောင်ထားခြင်းမျိုးမရှိတော့သော်လည်း ထိုင်ဝမ်အား အဓိကထောက်ပံ့ပေးသူနှင့်လက်နက် ထောက်ပံ့ပေးသွင်းသည့်နိုင်ငံလည်းဖြစ်သည်။

ဒီမိုကရေစီ ထိုင်ဝမ်အား ၎င်း၏ပိုင်နက်အဖြစ်ရှုမြင်သည့် တရုတ်သည် ထိုင်ဝမ်အပေါ် စစ်ရေးဖိအားများတိုးမြှင့်လိုက်သော်လည်း ထိုင်ဝမ်အစိုးရကမူ တရုတ်၏ ယူဆချက်များကိုပယ်ချခဲ့သည်။

ထိုင်ဝမ်ကို အမေရိက၏ထောက်ခံမှုအား ပြသည့် အနေဖြင့် စနေနေ့က အတည်ပြုခဲ့သည့် ကာကွယ်ရေးဆိုင်ရာအကူအညီအစီအစဉ်အတွက် အမေရိကန်အောက်လွှတ်တော်အား ကျေးဇူးတင်ကြောင်းလည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးဌာနက “လက်ရှိလည်ပတ်‌နေသည့်ယန္တရားများမှတစ်ဆင့် အမေရိကနှင့် သက်ဆိုင်ရာဘတ်ဂျက်အသုံးပြုမှုများကို ညှိနှိုင်းကာ ထိုင်ဝမ်ရေလက်ကြား၌ နိုင်ငံတော်လုံခြုံရေး၊ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ ကို တည်တံ့စေပြီး စစ်ရေးအဆင်သင့်ဖြစ်မှု ခိုင်မာလာစေရန်လည်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here