ထိုင်းသို့ ပြောင်းဖူးစေ့တန်ချိန် (၂၉၀၀၀) ကျော် တင်ပို့မည်

0
142

ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဖူးစေ့တန်ချိန် ၂၉၀၀၀ ကျော် ကို ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့သွားမည်ဖြစ်သည်။

ဧပြီ (၂၁) ရက်တွင်ပြောင်းဖူးစေ့တန်ချိန် (၁၉၃၀၀)တန်၊ ဧပြီ (၂၂) ရက်တွင် ပြောင်းဖူးစေ့တန်ချိန် (၂၇၀၀)တန်၊ ဧပြီ (၂၅) ရက်တွင်ပြောင်းဖူးစေ့တန်ချိန် (၇၁၅၀)တန် တင်ပို့သွားမည်ဖြစ်သည်။

ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) ၊အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (AIPT-3) ၊ မင်းထက်မင်းဆိပ်ကမ်း နှင့် ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) တို့မှတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်း စီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ပပို့ကုန် တင်ပို့မှုအနေဖြင့် သင်္ကြန်ကာလတွင်လည်း ပြည်ပသို့ လယ်ယာထွက်ကုန် ပစ္စည်းများကို တင်ပို့ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here